မိုင်းတုံ ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း )မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံနေသော လူနာများအား Mask နှင့် အာဟာရအစားအစာများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်သူ့ ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
လှူဒါန်းရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာနှင့်အဖွဲ့က Mask (၁၀၀)ခု၊ ခေါက်ဆွဲကြော်(၁၀၀)ဘူးနှင့် ကြက်ဥ (၉၀) လုံးတို့ကိုပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သက်ခိုင်မင်းက လက်ခံရယူပြီး ဆေးကုသမှုခံနေ သောလူနာများအား Mask နှင့်ခေါက်ဆွဲကြော်များကို လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ)