မိုင်းပျဉ်း မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့အဖြစ် ယနေ့နံနက်ပိုင်းမှစတင်ကျင်းပရာ ကျောင်းသား/ ကျောင်းသူ များနှင့် မိဘများတပျော်တပါး လာရောက်အပ်နှံကြကြောင်း သိရသည်၊။
ကျောင်းအပ်နှံရေး သီတင်းပတ်တွင်လာရောက်အပ်နှံကြသည့် မိဘများနှင့် ကျောင်းသား/သူများသိရှိစေရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နံရံကပ်စာစောင်၊ အသိပေးကြေငြာချက်၊ နံရံကပ်ပိုစတာများ၊ အခြေခံပညာကျောင်းများပြန်ဖွင့်ချိန်တွင် ကျောင်းသား/သူများမိဘများနှင့် ဆရာများအထူး သတိပြု လိုက်နာရမည့် အချက်(၆)ချက် ၊ ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာသိရှိရန်အချက်များကို ဗီနိုင်း၊ ပိုစတာကြီးများ နှင့်ချိတ်ဆွဲပြသထားပြီး သက်ဆိုင်ရာအတန်း လိုက်ဆရာ/ဆရာမများက လက်ခံ ဆောင်ရွက် ပေးကာ ကျောင်းအပ်ကြသည့် ကျောင်းသား/သူများအား မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိပဲ ကျောင်းသား/ ကျောင်းသူတစ်ဦးချင်းစီလျှင် ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ခဲတံဘောပင်၊ မျက်နှာအကာနှင့် နှာခေါင်းစည်းတို့ကို အခမဲ့ထုတ်ပေးလျှက်ရှိပြီး ဇွန်လ (၁) ရက်နေ့၌ ကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ)(၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၇)ကျောင်း၊ အခြေခံပညာအလယ်တန်းခွဲ(၆)ကျောင်း၊ အခြေခံပညာမူလ တန်း(လွန်)(၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၇၁)ကျောင်း၊အခြေခံပညာမူလတန်း(ခွဲ) (၃၅)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁) ကျောင်း၊စုစုပေါင်း(၁၃၅) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မေမွန်ထွဋ်၊ ပြန်ဆက်