လွိုင်လင်မြို့နယ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားမှုကို ပြည်သူများလာရောက်ကြည့်ရှု့၍ အချက်အလက် မှန်ကန် စေရေးအတွက် ဖြည့်စွက် ၊ ပြင်ဆင် ၊ကန့်ကွက် လျှောက်ထားလျက်ရှိ

လွိုင်လင်            ဩဂုတ်      ၇

 

၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်မြို့နယ် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ပြည်သူများ အခွင့်အရေးမဆုံးရှုံးစေရန် မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိသက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားရာ ပြည်သူများသွားရောက်ကြည့်ရှု့ပြီး အချက်အလက်များ မှန်ကန်စေရန် ဖြည့်စွက် ၊ ပြင်ဆင် ၊ ကန့်ကွက်လျှောက်ထားခြင်းများ ရှိကြောင်းသိရသည်။

လွိုင်လင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၃၇၈၁) ဦး ရှိရာ  မဲစာရင်းများကို  ဩဂုတ်လ ၆ ရက် ညနေပိုင်းအထိ လာရောကြည့်ရှု့သူ ( ၁၉၁၀၅ ) ဦးရှိကြောင်း သိရသည်။ ပြည်သူများမဲစာရင်းကြည့်ရှု့ စစ်ဆေးပြီးနောက် အချက်အလက်များ မှန်ကန်ရေး အတွက်  ပုံစံ(၃)ဖြင့်မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် လျှောက်ထားသူ(၅၄၈)ဦး ၊ ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၁၃၉) ဦး ၊ ပုံစံ(၄-(က)) ဖြင့်လျှောက်ထားသူ (၃၆) ဦး နှင့် ပုံစံ( ၄-(ဂ)) ဖြင့်လျှောက်ထားသူ(၁၃၆) ဦးရှိကြောင်း မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်၊၊

မဲစာရင်းများကို ယခင်ဩဂုတ်လ ၇ ရက်နေ့အထိကပ်ထားကြေညာပေးထားသော်လည်း    ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ အခွင့်အရေးမဆုံးရှုံးစေရန် ဩဂုတ်လ ၁၄ ရက်နေ့အထိ  ရက်တိုးမြှင့် ကြေညာပေးထားမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့်  မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ/မရှိ၊ အချက်အလက်များမှန်ကန်ခြင်းရှိ/မရှိတို့ကို ကြည့်ရှု့စစ်ဆေးကြရန် တိုက်တွန်းထား ကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)