တန့်ယန်း သြဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်ရှိ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ဆင့်သင် ကျောင်းတို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေး လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ စိုးသန်းထိုက်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းဝင်းသန့်ရှင်းသာယာမှု၊ ကျောင်းစာသင်ခန်းများအတွင်း သတ်မှတ်အကွာအဝေးအတိုင်း စာသင်ခုံများစနစ်တကျ ထားရှိကာ စာသင်ကြားနေမှုများ၊ ကျောင်းသား/ ကျောင်းသူများအတွက် နှာခေါင်းစည်းများ၊ ကိုယ်အပူချိန်တိုင်း ကိရိယာများ၊ လက်ဆေးစင်များ ထားရှိမှုနှင့် ကျောင်းဆင်း/တက်ချိန်များ စီစဉ်ထားမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)