တောင်ဥက္ကလာပမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

တောင်ဥက္ကလာပ  ဩဂုတ် 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်() နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်() နာရီ က အမှတ်()ရပ်ကွက်၊  ဓမ္မာရုံကြီးတွင် ပုံမှန် ကာကွယ် ဆေးများ ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ကလေးသူငယ်များနှင့် မိခင်များအား COVID-19 ရောဂါ ကြိုတင် ကာကွယ်ရန် နှင့် လူစုလူဝေးမဖြစ်စေရန် လူဦးရေ(၅၀)နှုန်းဖြင့်  အလှည့်ကျ ဆေးထိုး ဆေးတိုက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးရာတွင် မွေးကင်းစမှစ၍ အသက်()နှစ်ခွဲအထိ ကလေးသူငယ်များအား အသက်အရွယ် အလိုက်  ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်)ကာကွယ် ဆေးများကို ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေး အဖွဲ့အစည်းများမှ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်