ရွှေပြည်သာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ တားမြစ်ချက်များအား အသိပညာပေးဟောပြော

ရွှေပြည်သာ   ဩဂုတ် 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ တားမြစ်ချက်များ အသိပညာပေး ဟောပြောပွဲ ကို ဩဂုတ်လ ရက်နေ့ နံနက်()နာရီအချိန်တွင် ရွှေပြည်သာ မြို့နယ် အမှတ်()ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းထောင့် ထန်းခြောက်ပင်လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးလွင် ဦးဆောင်၍ အမှတ်(၆၆)ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ဇော်ဝင်း၊ ရွှေပြည်သာမြို့မ ရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ကျော်စွာ အောင်နှင့် တပ်ဖွဲ့ဝင်များက ပြည်သူများ၊ ယာဉ်မောင်း များနှင့် မော်တော် ဆိုင်ကယ် မောင်းသူ (၃၀) ဦးတို့အား ၂၀၂၀ပြည့်နှစ်ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေတားမြစ်ချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင် (၂၀၀)အား ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)