စုကလိ ဩဂုတ် ၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် သောက်သုံးရေပေးဝေသည့် ပိုက်လိုင်းရေပြတ်တောက်မှုအား ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေပိုက်လမ်းကြောင်းတစ်လျှောက် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပြတ်တောက်နေသည့်ရေပိုက်အဆက်နေရာများအား ပြန်လည်သွယ်ဆက်ပြုပြင်ခြင်းလုပ်ငန်းများကို စုကလိမြို့ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်သည်။
စုကလိမြို့၌ ဌာနဆိုင်ရာများနှင့် မြို့နေရပ်ကွက်များတွင် သောက်သုံးရေရရှိရေးအတွက် မဲကုလားချောင်းခွဲမှတစ်ဆင့် ရေပိုက်များအသုံးပြုသွယ်တန်းထားကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)