တာချီလိတ် ဩဂုတ် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ လမ်းညွန်မှာကြားမှုဖြင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် အဖွဲ့ဝင်တို့သည် တာချီလိတ်မြို့အဝင် တာချီလိတ်-ကျိုင်းတုံ လမ်းဆုံ၌ (Free Way) လမ်းတည်ဆောက်ခြင်းနှင့် လမ်းသားတိုးချဲ့တည်ဆောက်နေမှုကို ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် တာချီလိတ် မြို့ဝင်လမ်းဆုံတွင်(Free Way)လမ်းဖော်ဆောင်ခြင်း၊ လမ်းသားတိုးချဲ့ တည်ဆောက်ခြင်း၊ ပါလျံ လမ်းဆုံမီးပွိုင့်တွင် လမ်းသားတိုးချဲ့ခြင်း၊ ရှမ်းရိုးမကွင်း ဂေါက်ကွင်းလမ်းထောင့် မီးပွိုင့်တွင် (Free Way) လမ်းဖော်ဆောင်ခြင်းတို့ကို သတ်မှန်ချိန်ကာလအတွင်း ဝန်ကြီး၏ လမ်းညွန်မှာကြားချက် နှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ညွှန်ကြားရေးမှူးမှ လာရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
(Free Way)လမ်းတိုးချဲ့တည်ဆောက်နေမှု လုပ်ငန်းများကို တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှအမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့မှ လိုက်လံ ရှင်းလင်းပြသခဲ့ရာ ညွှန်ကြားရေးမှူးမှ လိုအပ်သည်များ မှာကြားပြီး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ပေါင်းစပ် ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)