ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) လုပ်ငန်းများ ဆောင်ရွက်မည်

ပိုင်ကျုံ  ဩဂုတ်  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) တွင် အကောင်အထည်ဖော်‌ဆောင်ရွက်မည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းတိုင်းတာမှုများတွင် လှိုင်ဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း မှတာ၀န်ရှိသူများ၊ မိုးနိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီ၀င်များကလူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်၀န်း)တွင် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကြပြီး ကျေးရွာလူထုများနှင့်တွေ့ဆုံကာ လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်လုပ်ဆောင်ရမည့်အချက်များအား ဆွေးနွေးခဲ့ကြသည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) တွင် မိုးနိုင်းကျေးရွာအုပ်စု အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေချထားငွေကျပ် သိန်းပေါင်း (၆၁၈) သိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း များကို နို၀င်ဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)