ကြာအင်းဆိပ်ကြီးမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ကြာအင်းဆိပ်ကြီး ဩဂုတ်

ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများကျဆင်းမှုကြောင့် ချောင်းရေလျှံကာ မြေနိမ့်ပိုင်းရှိ လူနေအိမ်များတွင် ရေများဝင်ရောက်ခြင်းနှင့် မော်တော်ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များရေဝင်ရောက်ပြီး ရေဘေးသင့်အိမ်ထောင်စု အချို့မှာ ရေလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ပြီး ၎င်းရေဘေးသင့်ပြည်သူများနေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာများကို ယနေ့နေ့လယ်ပိုင်းအချိန်က ကြာအင်းရွှေဒိုး ကျေးရွာအုပ်စုရှိ ကြာအင်းကြီးကျေးရွာတွင် အိမ်ထောင်စု (၃၆) စု လူဦးရေ (၁၂၅) ဦးနှင့် ကြာအင်းဆိပ်ကြီးမြို့ အမှတ် () ရပ်ကွက်ရှိ အိမ်ထောင်စု (၂၁) စု လူဦးရေ (၈၃) ဦးအတွက် တစ်ဦးလျှင် ဆန် (၁၄) ဘူးနှုန်းဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)