ဝိုင်းမော်မြို့၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဝိုင်းမော်  ဩဂုတ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၂) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား) တို့ ပူးပေါင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်နွယ်မှ အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သက်မွန်က လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လင်းရှင်းပြောကြားသည်။

ဆက်လက်၍ အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား)၊ ရဲအုပ်တင့်လွင်က လူပွဲစားများ အသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် စုဆောင်း၊ ခေါ်ယူ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းသည် လူကုန်ကူးမှု မြောက်ပါကြောင်း အသိပညာပေးဟောပြောပြီး ကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန်ဝေခဲ့ကြောင်း သိရှိရသည်။

ဆောင်းလေး(ပြန်/ဆက်)