ပုလောမြို့၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင် ပြသ

ပုလော သြဂုတ်လ ၇

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူ များ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းတည့် (၁၂) နာရီက အသိပညာပေး ပြသဆောင်ရွက်ခဲ့သည်။

အသိပညာပေး နံရံကပ်စာစောင်တွင် လူမှု၀န်ကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ရေဘေး၊ မိုးခေါင်းရေရှား၊ မီးဘေး၊မုန်တိုင်းဘေး၊ ငလျှင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးနှင့် လျှပ်စီးလျှပ်ခြင်း၊ မိုးကြိုးပစ်ခြင်း စတဲ့ အသိပညာပေး ပိုစတာဗီနိုင်းများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများ၊ နေရပ်ပြန်ဒေသ ပြောင်းရွှေ့ နေထိုင်သူများ၊ အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများ၊ မဲပေးနိုင်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် မဲဆန္ဒရှင်စာရင်းတွင် ပါ၀င်နိုင်ရေး ကြည့်ရှုရန် နှိုးဆော်ချက်များနှင့် မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများကို ထည့်သွင်းပြသထားကြောင်း သိရှိရပါသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)