ဟိုပန် ဩဂုတ် ၆
(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နိုင်မှု ရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နေ့လယ် (၁၂)နာရီ အချိန်က ပြုလုပ်သည်။
စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချိုလေးက အမှာစကားပြောကြားပြီး CERP အစီအစဉ်ဖြင့် စိုက်ပျိုးမျိုးစေ့ထုတ်ဧက (၃၀) စိုက်ပျိုးထားနိုင်မှု၊ ဘက်စုံအဆင့်မြှင့်နည်းပညာသုံး စံပြကျေးရွာတွင် စပါးနှင့် ပြောင်း ဧက(၁၀၀)စိုက်ပျိုးထားနိုင်မှု အခြေအနေ၊ GAP အသိ အမှတ်ပြု လက်မှတ်ရရှိရန် မြေဆီလွှာစစ်ဆေးပြီး စပါးဧက (၅၀)၊ ပြောင်းဧက(၅၀)၊ “ ၀ ” ဥ ဧက(၅၀)၊ ယာစပါးဧက (၃၀၀) စုစုပေါင်း (၄၅၀)ဧက စိုက်ပျိုး ထားနိုင်မှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အဖွဲ့ဝင်များဖြစ်သော လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်သမ ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့က ပါဝင်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဟိုပန် ခရိုင် (ပြန်/ဆက်)