တံတားဦး ဩဂုတ် ၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၇) ရက်ထိ ကြေညာပေးလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှု ရှိရေးအတွက် ပြည်သူများ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက် ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း ဩဂုတ်လ (၄) ရက်နေ့ ညနေပိုင်းအထိ မဲစာရင်းတွင် မိမိအမည်မပါပါက ပုံစံ (၃) ဖြင့် လျှောက်ထားသူ ၁၈၄ ဦး ကိုယ်ရေးအချက်အလက်မှားယွင်းပါက ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူ ၉၃ ဦး မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူတစ်ဦး ပါဝင်နေပါက ပုံစံ (၄) ဖြင့် လျှောက်ထားသူ ၆၆ ဦး ရှိပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)