ကမာရွတ် ဩဂုတ် ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ ချောမွေ့ စေရန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် အမှတ် (၃)ရပ်ကွက် စေတနာသုခလမ်း၌ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ၊ သွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် စေတနာသုခလမ်းအား(၇၆၀’ × ၁၉’ × ၆’) ( ၁၅၀’ ×၁၇’ ×၆’) ကွန်ကရစ်လမ်းခြင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာ ဘတ်ဂျက် ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လမ်းအရည်အသွေး ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)