နမ္မတူမြို့နယ်ရှိ အမှတ် (၁၊ ၂) အခြေခံပညာအထက်တန်းကျောင်း၏ Social Distancing နှင့်အညီ ပညာ သင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ လက်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များ ထောက်ပံ့ ပေးအပ်

နမ္မတူ   ဩဂုတ် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ အမှတ် (၁၊ ၂) အခြေခံပညာ အထက်တန်း ကျောင်း၏ Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ လက်ဆေး ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များထောက်ပံ့ပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် တာဝန်ရှိသူများက အမှတ် (၁၊ ၂) အခြေခံပညာ အထက် တန်းကျောင်း (၂)ကျောင်းသို့ သွားရောက်၍ Social Distancing နှင့်အညီ အထက်တန်းအဆင့် ပညာ သင်ကြား နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ အားပေးစကား ပြောကြားခဲ့ပြီး ကျောင်းတွင် ထားရှိ အသုံးပြု နိုင်ရေး တစ်ကျောင်းလျှင် လက်ဆေးဆပ်ပြာခဲ (၂၅)ခဲ၊ ဆပ်ပြာဆီ (၅)ဘူးနှင့် Hand-gel (၁၀)ဘူး ထောက်ပံ့ ပေးအပ်ခဲ့သည်။

အလားတူ ဘော်တွင်းကျေးရွာ၊ မိုင်းရင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်းအတွက် တစ်ကျောင်းလျှင် ဆပ်ပြာဆီ (၅)ဗူးနှင့် Hand-gel (၁၀)ဗူး နှုန်းအား လည်းကောင်း၊ ပန်လုံကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းနှင့် နားဆိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (၂)ကျောင်းအတွက် တစ်ကျောင်းလျှင် ဆပ်ပြာဆီ (၅)ဘူးနှင့် Hand-gel (၅)ဘူး နှုန်းအား လည်းကောင်း ဆက်လက် ထောက်ပံ့နိုင်ရေး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့်လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။          

လူမော် (ပြန်/ဆက်)