မြောက်ဥက္ကလာပ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၈) နာရီမှ ညနေ(၄)နာရီအထိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြောက်ဥက္ကလာပမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်နှင့် အဖွဲ့များက (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အသက် (၁၈)နှစ်ပြည့်ပြီးသူများနှင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် အသက်(၁၈)နှစ် ပြည့်လာမည့်သူ များအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းတို့ကို (င)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်နှင့်အဖွဲ့များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)