မြောက်ဥက္ကလာပမြို့နယ်တွင် ဆင်းရဲနွမ်းပါးက​လေးငယ်များအား အ​ခြေခံစားသောက်ကုန်များလှူဒါန်း

မြောက်ဥက္ကလာပ ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်တွင် Global Giving, Smiling Children, CFPA Myanmar Office၊ We Love Yangon နှင့် We Love Northokkalapa ပရဟိတ လူငယ်များအဖွဲ့တို့ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံအဆင့် မူလတန်းကျောင်းများမှ နွမ်းပါးကလေးငယ်(၁၀၀) ဦးအား အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက အထက(၁)မြောက်ဥက္ကလာပ၊ မြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို We Love Northokkalapa မှ ဒေါ်အေးအေးမော်က ပြောကြားပြီး လှူဒါန်းမှုများ အတွက်  ဆောင်ရွက်နေမှုများကို CFPA မှ ကိုဒယ်နီရယ်က ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက်​ မြို့နယ်စည်ပင် သာယာ​ရေး ကော်မတီ အဖွဲ့ဝင်(၂) ဦးရဲဆင့်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်း၊ We Love Northokkalapa မှ ဥက္ကဋ္ဌ ကိုမိုးဆက်အောင်၊ ဒုဥက္ကဋ္ဌ ကိုပြည့်စုံအောင်နှင့် အဖွဲ့ဝင်များက ကလေးငယ်တစ်ဦးလျှင် ဆန်(၁၂)ပြည် နှင့် အခြေခံ စားသောက်ကုန်များကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)