မိုးရွာသွန်းမှုကြောင့် ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်

ညောင်ရွှေ     ဩဂုတ်     ၆

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးရွာသွန်းမှုကြောင့် ညောင်ရွှေ မြို့နယ်အတွင်းသို့ စီးဝင်သည့် တာယောချောင်းနှင့် ဟိုနမ့်ချောင်းတို့မှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တိလော ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၂၁)ဦး၊ ရွာသာကျေးရွာ အုပ်စုအတွင်းရှိ တောင်သူ(၁၀၁)ဦး၊ တောင်ပို့ကြီးကျေးရွာအုပ်စုရှိ တောင်သူ(၃၇)ဦး စုစုပေါင်း တောင်သူ(၁၅၉)ဦး၏ စုစုပေါင်း နွေစပါးနှင့် မိုးစပါး စိုက်ဧက (၄၁၅.၂၆)ဧက ရေနစ်မြုပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုသီးနှံစာရင်းကို ကောက်ယူ၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

စိုင်းအယ်ဘဲ