ညောင်ဦး ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံဘုရားဝန်းအတွင်းရှိ ဝေဇယန္တာ တန်ဆောင်းတော်ကြီး၌ ဆွမ်းဆန်တော်၊ မြေပဲဆီ၊ ပဲနီပြား လှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင် ၂၉ ရက်၊နံနက်ပိုင်းက ကျင်းခဲ့ကြောင်းသိရသည်။
ဆွမ်းဆန်တော်၊မြေပဲဆီ၊ပဲနီပြားအိတ်များ လှူဒါန်းခြင်း သတ္တမအကြိမ်မြောက် အလှူတော်မင်္ဂလာအခမ်းအနားတွင် မဟာဝိသုတာရုံစာသင်တိုက်ပဓာနနာယကဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်၍ ဆရာတော်အရှင်သူမြတ်များထံက မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက သာသနာရေးဆိုင်ရာများလျှောက် ထားကြည်ညိုသည်။
ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ မြေပဲဆီ၊ ပဲနီပြားအိတ်များနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ပြီးနောက် မြို့နယ်သံဃနယကအဖွဲ့ဥက္ကဋ္ဌ ၊ အလိုတော်ပြည့်စာသင်တိုက် ပဓာနနာယကဆရာတော် (ဂန္ထဝါစကပဏ္ဍိတ ၊မဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တပဏ္ဍိတအရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေးကြကာ ပင့်သံဃာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
သတ္တမအကြိမ်မြောက် ဆွမ်းဆန်တော်၊ မြေပဲဆီ၊ ပဲနီပြားအိတ်များ လှူဒါန်းခြင်းအား ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ပရိယတ္တိစာပေများ သင်ကြား ၊ သင်ယူလျက်ရှိသော ရဟန်း၊သာမဏေ၊ သီလရှင် (၆၉၃) ပါးအတွက် ဆွမ်းဆန်တော် (၃၄၇) အိတ်၊ မြေပဲဆီ (၇၀) ပုံး ၊ ပဲနီပြား (၄၇) အိတ် စုစုပေါင်း တန်ဘိုးငွေကျပ် (၈၀၇၁၃၅၀၀) ကျပ်ဖိုးအား လှူဒါန်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း(ပြန်/ဆက်)