နောင်ချိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား ရေးသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နောင်ချို        ဇူလိုင်    ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၈ရက် မွန်းလွဲ ၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသားများအား တာဝန်ရှိသူများမှ သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

သင်တန်သို့ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၅)အုပ်စုမှ သင်တန်းသား (၄၁)ဦးတက် ရောက်သင်ကြားခဲ့ကြောင်းနှင့် ဌာနဆိုင်ရာ အသီးသီးမှ သင်တန်းနည်းပြ ၂၂ဦးတို့က သင်ကြားပို့ချပေး ခဲ့ကြောင်းသိရသည်။  အဆိုပါသင်တန်းအားဇူလိုင် ၁ရက်နေ့မှ ဇူလိုင် ၂၇ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ခဲ့ကြောင်းနှင့် ဥပ‌ဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို ကျေညက်စွာသိရှိပြီး လုပ်ငန်းများမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင် စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်၊ ပြန်/ဆက်