မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားစားပွဲတင်တင်းနစ် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း ဇူလိုင် ၂၉

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် ဘာသာရပ်ပေါင်းစုံအမျိုးသား တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ စားပွဲတင်တင်းနစ်ဗိုလ်လုပွဲစဉ်နှင့် ဆုများချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်ဖြစ်ကြသည့် တစ်ဦးချင်းလိုက်ပြိုင်ပွဲတွင် ဓာတုဗေဒဘာသာရပ်အသင်းနှင့် သမိုင်းဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဘာသာရပ်အသင်းမှလည်းကောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် သမိုင်းဘာသာရပ်အသင်းနှင့် ဓာတုဗေဒဘာသာရပ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သမိုင်းဘာသာရပ်အသင်းမှလည်ကောင်း ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မိုးညှင်းတက္ကသိုလ် ဒုတိယပါ မောက္ခချုပ် ဒေါက်တာဇော်ဝင်းက အဆိုပါဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အဆိုပါပြိုင်ပွဲတွင် အဘက်ဘက်မှ ပါဝင်ကူညီခဲ့ကြသည့် ဒိုင်အဖွဲ့အား အမှတ်တရမေတ္တာ လက်ဆောင်နှင့် တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများ ရရှိကြသည့် အားကစားသမားများအား တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် စားပွဲတင်တင်းနစ်ကော်မတီ ဥက္ကဋ္ဌတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း