အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်မပျက် လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လှိုင်သာယာ(အနောက်)  ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်မပျက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲက လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် သင်တန်းတွင် သင်ကြားခဲ့သည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရရှိသော အကျိုးကျေးဇူးများအား သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

သင်တန်းဆင်းပွဲသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယဦးစီးမှူးများနှင့် သင်တန်းသား/သင်တန်းသူ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန် / ဆက်)