တီးတိန်မြို့နယ်နှင့်တွန်းဇံမြို့နယ်ပြန်လည်ထူထောင် ရေးနှင့်ပြန်လည်တည် ဆောက် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တီးတိန်   ဇူလိုင်   ၂၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကော်မတီဥက္ကဋ္ဌဦးဇာ်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များယမန်နေ့မွန်းလွဲက တီးတိန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် အတွင်းအကြမ်း ဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံရှုံးခဲ့သည့်ဌာနဆိုင်ရာ အဆောက်အဦးများအနက် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အဦများအား ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီမှပြန်လည်ပြင်ဆင်ရန်ရွေးချယ် အတည်ပြုခဲ့သည့် ကုမ္ပဏီများနှင့်လုပ်ငန်းများအမြန်စတင်နိုင်ရေး၊ အရည်အသွေးပြည့်မီစေ ရေးသတ်မှတ် ကာလအတွင်း ပြီးစီးစေရေးများဆွေးနွေးကြကာ တွန်းဇံမြို့နယ်မှ VC စနစ်ဖြင့် အစည်းအ‌‌ဝေး တက်ရောက်ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)