ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ဆောင်ရွက်

ဥတ္တရသီရိ  ဇူလိုင် ၂၈

ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်း‌ဆွေးနွေးပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် Book Club အဖွဲ့ဝင် စာ‌ရေးဆရာ/ဆရာမများက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော "ခေါင်းဆောင်ကောင်း" စာအုပ်ပါ စာတမ်းခေါင်းစဉ်အလိုက် တစ်ဦးချင်းဖတ်ကြားခဲ့ပြီး မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသူရကျော်(ဥတ္တရ)