မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

မင်္ဂလာတောင်ညွန့် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ၌ (YouthClub) အဖွဲ့ဖြင့်  စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "သားအတွက်ဓါးတစ်လက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့(၁၅)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေး ကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိ‌စေမည့် စာအုပ်များကိုလည်း ဖတ်ရှုသင့်ကြောင်းတို့ကို ရှင်းလင်းပြော​ကြား ဆွေးနွေးသည်။

ထို့နောက် မောင်ထက်မြတ်နိုင်က စာရေးဆရာ‌ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “သားအတွက်ဓါးတစ်လက်” စာအုပ်မှ အသိနှင့်အကျင့်၊ သတိခေါင်းစဉ်ပါ အ‌ကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး မောင်သူရက ပြန်လည်ဆွေး‌နွေးသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)