တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

တန့်ယန်း ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိ ဦးစိုင်းထွန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား ဖတ်ကြားခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ငွေစာရင်းရှင်းတမ်းအား ဖတ်ကြား၍ အတည်ပြုခြင်း၊ အသင်းသား အသင်းသူများမှ ဆွေးနွေးမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)