မိတ္ထီလာမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (ညောင်ကိုင်း)၌ လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာ  ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီက အခြေခံအပညာအထက်တန်းကျောင်း (ညောင်ကိုင်း) အောင်ရတနာခန်းမတွင် ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်က ဗလငါးတန်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပသည်။

အဆိုပါလူငယ်စကားဝိုင်တွင် အခြေခံပညာအထက်တန်းကျောင်း (ညောင်ကိုင်း) Grade - 11 မှ မောင်မြင့်မြတ်အောင်က လူငယ်နှင့်မူးယစ်ဆေး၊ Grade - 10 မှ မောင်ခန့်ကျော်သူက လူငယ်နှင့် စာဖတ်ခြင်း၊ Grade - 9 မှ မခိုင်ဝေသိမ့်က လူငယ်နှင့်ကျန်းမာရေး၊ Grade – 8 မှ မဆောင်းဝတ်ရည်ထွန်းက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade - 7 မှ မောင်အောင်ခန့်မွန်က လူငယ်နှင့် စာရိတ္တစသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ရာ ၎င်းလူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 သိန်းမြင့်ကျော်(မိတ္ထီလာ)