နောင်မွန်းမြို့နယ်၌လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

‎‎နောင်မွန်း ဇူလိုင် ၂၄

ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ဗလငါးတန်ပြည့် ဝလာပြီး အနာဂတ်မျိုးဆက်သစ် ကောင်းများနှင့်လူသားအရင်း အမြစ်များ ပေါ်ထွန်းလာစေရန်ကချင်ပြည်နယ်၊ပူ တာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၀နာရီချိန်ကရပ်‌ ဘော့ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီအဖွဲ့ဥက္ကဌ ဦးနမ်ရဲမင်ကအဖွင့်အမှာစကား ပြောကြားပြီး၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မိုးဝင်းကခွေးရူး ကာကွယ်တားဆီးရေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်ထူးဇော်ဟန် ကမူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က သစ်ပင်လည်း‌ ခုတ်ပါ ပုဆိန်လည်းသွေးပါခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲနှင့်အတူမြို့နယ် ပြန်/ဆက်ဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးနံရံကပ်စာစောင်များကိုပြသထားရာ ကျောင်းသား/သူများ က စိတ်ဝင်စားစွာဖြင့်ကြည့်ရှုကြသည်။

ဖြူစင်