ရန်ကုန် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (သိမ်ဖြူသင်္ဘောကျင်းရှေ့နှင့် မဟာဗန္ဓုလပန်းခြံလမ်းကြား) ကတ္တရာကွန်ကရိလမ်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ကတ္တရာကွန်ကရိလမ်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (သိမ်ဖြူသင်္ဘောကျင်းရှေ့နှင့် မဟာဗန္ဓုလပန်းခြံလမ်းကြား) ကတ္တရာကွန်ကရိလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ ကတ္တရာကွန်ကရိလမ်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘဏ္ဍာရေး နှစ်များအလိုက် လမ်းများအား ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (သိမ်ဖြူသင်္ဘောကျင်းရှေ့နှင့် မဟာဗန္ဓုလပန်းခြံလမ်းကြား)၏ မူလလမ်းသားမှာ ကတ္တရာကွန်ကရိလမ်းသားဖြစ်ပြီး လမ်းအသုံးပြုမှု သက်တမ်း ကြာမြင့်နေပြီးဖြစ်သောကြောင့် လမ်းအရှည် (၃၂၂၀) ပေ၊ အကျယ် (၇၂) ပေ ကတ္တရာ ကွန်ကရိခင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)