ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

ပင်လောင်း ဇူလိုင် ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများအား ရုံးလုပ်ငန်းများနှင့်ပတ်သက်ပြီး စွမ်းဆောင်ရေမြင့်မားရေးလုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက်ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ဦးစီးဌာနများက လိုက်နာကျင့်သုံးရမည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊  အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများ၊ သာမန်အသုံးစရိတ်စာရင်းတွင် အသုံးပြုသည့် ငွေစာရင်းခေါင်းစဉ် အမှတ်အသားများနှင့် ကျခံသုံးစွဲမည့်အသုံးစရိတ်အမျိုးအစားများကို စာတွေ့လက်တွေ့ဖြင့် ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့ထိ နှစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်