မြစ်သားမြို့နယ်၌ Mobile Library စနစ်ဖြင့် စာဖတ်ပရိသတ်များ လက်ဝယ်အ‌ရောက် သုတ/ရသ စာအုပ်များငှားရမ်းပေး

မြစ်သား ဇူလိုင်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ဇူလိုင်  ၂၂ ရက် နံနက် ၁၁ နာရီက မြစ်သားမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များလက်ဝယ်အရောက် စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းစာဖတ်ပရိသတ်များ လက်ဝယ်အရောက်စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို မြစ်သားမြို့နယ်ရှိ အခြားဌာနဆိုင်ရာများသို့လည်း အပတ်စဉ် အလှည့်ကျ ကွင်းဆင်းငှားရမ်း‌   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)