မိုင်းနောင်မြို့ရှိ သက်ကြီးဖိုးဖွားများ လစဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးနိုင်ရန် တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်တိုက်နယ် ပြည်သူ့ဆေးရုံ တို့မှ တာဝန်ရှိသူများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ နမ့်ခုံးရှမ်းများပရဟိတအသင်းရုံး ကုသိုလ်ဖြစ်ဆေးခန်းတွင်သက်ကြီး ဖိုးဖွားများ လစဉ် ပုံမှန်ကျန်းမာရေးစစ်ဆေးနိုင်ရန် တပ်နယ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်တိုက်နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူများ ယနေ့ နံနက် ၁ဝ နာရီက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဦးစွာ မိုင်းနောင်တပ်နယ်မှူးက ကုသိုလ်ဖြစ် ဆေးခန်းတွင်လစဉ်လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများခံယူနေသော မြို့ပေါ်(၅) ရပ်ကွက်မှ သက်ကြီးဖွားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ဂါရဝစကားပြောကြားပြီး သက်ကြီးဖိုးဖွားများအတွက် အာဟာရဓာတ်စာ ခေါက်ဆွဲခြောက်နှင့်အာဟာရဖြစ် မုန့်များကို ပေးအပ်ထောက်ပံ့ကာ နမ့်ခုံးရှမ်းများပရဟိတ အသင်းရုံး ကုသိုလ်ဖြစ်ဆေးခန်းတွင်လိုအပ်သည်များ အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မိုင်းနောင် တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ ဦးဆောင်သော တပ်မတော်ဆေးတပ်ဖွဲ့ဝင်များနှင့်အတူ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဝေယံစိုးနှင့် သူနာပြုဆရာမများ၊ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင်များသည် သက်ကြီးဖိုးဖွား(၁၅၅)ဦးအား ကျန်းမာရေး စစ်ဆေးခြင်း၊ သွေးတိုး၊ နှလုံးရောဂါများနှင့်အခြားရောဂါများ ရှိ/မရှိစစ်ဆေးခြင်း၊ ရောဂါဝေဒနါများခံစားရပါက လိုအပ်သည့်ကုသမှုများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

မနန်း(မိုင်းနောင်)