ကျောက်တံတားမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအဖွဲ့၏ စာဖတ်ဝိုင်းကျင်းပ

ကျောက်တံတား ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုး သူများအဖွဲ့၏ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျော်ဇင်ဝင်း (မရမ်းကုန်း)၏ ရသစာပေကိုစူးစမ်းခြင်းစာတမ်းဖြင့် ပြုလုပ်ခဲ့ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးမြင့်ရွှေနှင့် စာရေးဆရာ ကျော်ဇင်ဝင်း(မရမ်းကုန်း)တို့က အမှာစကားပြောကြားပြီးနောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ ညွန့်ညွန့်(ကလော)က ကျေးဇူးတင်စကားပြောကြားပြီးနောက် စာတမ်းရှင်စာရေးဆရာ ကျော်ဇင်ဝင်း(မရမ်းကုန်း)က ရသစာပေကိုစူးစမ်းခြင်း စာတမ်းပါ အကြောင်း အရာများကို ဖတ်ကြားဆွေးသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာပေဝါသနာရှင်များက စာတမ်းပါအကြောင်းအရာများနှင့် ပတ်သက်၍ ထပ်ဆင့်ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။

မြို့နယ်(ပြန်/ဆက်)