ဝမ်းတွင်းမြို့နယ် သဲတော-၂(မူလွန်)ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

ဝမ်းတွင်း ဇူလိုင် ၂၁


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက သဲတော-၂(မူလွန်)ကျောင်း၌ ဆောင်ရွက်သည်

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက  ကလေးများအား ယခုအရွယ်မှစ၍ စာဖတ်ခြင်းအလေ့အထများရရှိစေရန်၊ နားထောင်မှုစွမ်းရည်၊ မှတ်သားမှုစွမ်းရည်များတိုးတက်လာစေရန်နှင့်က‌လေးအရွယ်မှစ၍ ကိုယ်ရည်ကိုယ်‌သွေးများပြည့်ဝမှသာကောင်းမွန် အနာဂတ်ကိုပိုင်ဆိုင်နိုင်သည့် လူတော်‌လူကောင်းများဖြစ်လာစေမည်ဖြစ်ကြောင်းဟောပြောခဲ့ကာ ကလေးများကိုနုတ်မှုစွမ်းရည်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲပြုလုပ်ခဲ့ပြီး ဆုများချီးမြှင့်‌သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ပြသခဲ့သည်။

မြို့နယ်ပြန်/ဆက်