မိတ္ထီလာ ဇူလိုင်၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပသည်။
အဆိုပါလူငယ်စကားဝိုင်း ပထမပိုင်းအစီအစဉ်ကိုဦးစွာကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဆန်း(ခ) ဦးမြသွင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မြင့်မားအောင်က လူငယ်များဗလငါးတန်းဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် လူငယ်စကားဝိုင်းများ ကျင်းပပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အငယ်တန်းစာရေးဒေါ်အကြင်နာထွေးဦး ဦးဆောင်၍ ကျောင်းသူကျောင်းသားငါးဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသား ၁ဝ ဦးက ပါဝင်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ချမ်းသာ