ကျောက်ဆည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တောင်သူများ မိုးစပါးအချိန်မီစိုက်ပျိုး နိုင်ရေး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီးများဖြင့် မြေပြုပြင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိသည်။
ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၆-၂၀၂၇ တွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ၃၅၉၉၄ ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် ၁၆၀၂၇ ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် ၄၃၆ ဧက၊ မိုးကောင်းသောက်(မိုးရေ)ဖြင့် ဧက ၂၅၀ ၊ စက်ရေတွင်း(မြေအောက်ရေ)ဖြင့် ဧက ၁၀၀ စုစုပေါင်း ၂၅၈၁၇ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစပါးများ စိုက်ပျိုးရာ၌ ရေမြေဒေသအလိုက် ဧရာမင်းစပါး ၁၉၃၁၇ ဧက၊ မနောသုခစပါး ဧက ၃၃၀၀၀၊ အောင်နိုင်တိုး ဧက ၅၀၊ GW-11 စပါး ဧက ၄၅၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)