မဟာအောင်မြေမြို့နယ် အ.ထ.က( ၂၄ ) ၌ လူငယ်ရေးရာဟောပြော

မဟာအောင်မြေ ဇူလိုင်  ၂၁

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်‌ရေးရာအသိညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ မဟာအောင်မြေမြို့နယ် အမှတ်(၂၄)အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲ ရည်ရွယ်ချက်များနှင့် လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေကို အမြဲလေ့လာဖတ်ရှုနေမှသာ အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာာပညာဦးစီးဌာန အားကစားမှူး ဦးရှီးမွန်က အားကစားနှင့်လူငယ်ရေးရာ မသိပညာများကိုလည်း ဟောပြောခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း