သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်

သင်္ဃန်းကျွန်း ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၌ သင်္ဃန်းကျွန်းမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင်းပွားသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါဆင့်ပွားသင်တန်းဖွင့်လှစ်နေမှုကို သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး သင်တန်းသူများအတွက် တိုင်းရင်းဆေးဘူးများပေးအပ်ကာ နေ့လယ်စာထမင်းဘူးများ၊ ရေသန့်များ၊ လက်ဖက်ရည်နှင့် မုန်များပေးဝေခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)