ဒလမြို့နယ်၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဒလ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံ ဦးအာကာမင်းက စားသုံးရန်မသင့်သော အစားအစာများနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်၀ယ်ယူစားသောက်သင့်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူပြည်သူများ အန္တရာယ်ကင်းစေဖို့၊ ပူးပေါင်းဆောင်ရွက်ကြပါစို့ အသိပညာပေးလက်ကမ်းစာစောင်အား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)