မြဝတီမြို့တွင် MSME ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်

မြဝတီ ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ မြဝတီခရိုင် MSMEအေဂျင်စီမှ ကြီးမှူးဖွင့်လှစ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု မော်တာစက်ချုပ်သင်တန်းကို ယနေ့နံနက် ၁၀ နာရီ၌ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့်အဖွဲ့ဝင် ဦးရဲထွဋ်ပိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးဝင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြဝတီမြို့နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မင်းမေသဲဝါအေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲ၌ ခရိုင်MSME အေဂျင်စီဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင် MSME အေဂျင်စီအတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးဝင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် MSME လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သိန်းဦးက မော်တာစက်ချုပ်သင်တန်း၌ သင်ကြားမည့် ဘာသာရပ်အမျိုးအစားနှင့် သင်ကြားပို့ချမည့်အစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က သင်တန်းစရိတ်ကို ပေးအပ်ခဲ့ရာ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သိန်းဦးက လက်ခံရယူခဲ့သည်။

အဆိုပါ MSME ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု မော်တာစက်ချုပ်သင်တန်းကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ မော်တာစက် ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်စေရန် မော်တာစက်ချုပ်ရိုးအမျိုးမျိုး နှင့် ကလေး/လူကြီးအခြေခံ ဘောင်းဘီညှပ်နည်း၊ ချုပ်နည်းများနှင့် အခြေခံဘလောက်(စ်) အင်္ကျီများ ညှပ်နည်း၊ ချုပ်နည်းများကို မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ (၃) ဦးတို့က စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦးက တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)