လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ‌ပြုလုပ်

လှိုင်သာယာ(အနောက်) ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံး မြို့နယ်ဦးစီးအရာရှိ ဦးဆန်းဦး ကြီးကြပ်မှုဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်သားစိစစ်ရေး ကတ်ပြားများအား ပြုလုပ်ပေးခြင်းကို ယမန်‌နေ့က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ် (၁၈) ရပ်ကွက် အ.ထ.က (၁၃) ကျောင်း၌ ပြုလုပ်ပေးသည်။

ယင်းသို့ ပြုလုပ်‌ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး  လဝကဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့် နိုင်-၃ (က) နှင့် အသက် (၁၈) နှစ်ပြည့် နိုင်-၆ (က) နှင့် UID ကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)