မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေး  ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၃ရက်နေ့တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင်  ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာမည့်အထိမ်းအမှတ် နေ့ထူးနေ့မြတ်ရက်များတွင်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ အားလပ်သည့် အချိန်များတွင် စာပေများလေ့လာဖတ်ရှုထားဖို့ရန်နှင့် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သည်။ ယင်းနောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅)အ‌ခြေခံပညာ အထက်တန်း‌ကျောင်း(ခွဲ) ကျောင်းသား၊ ကျောင်းသူ (၅) ဦးအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးဘောပင်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)