ညောင်ဦးမြို့ မြင်းကပါအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်နှင့်ပညာရေး စကားဝိုင်းကျင်းပ

ညောင်ဦး ဇူလိုင် ၂၀

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့၊ မြင်းကပါအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်သူ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းအဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ဦးဆောင်ဆွေးနွေးသူများဖြစ်ကြသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်တို့က ဦးဆောင်ဆွေးနွေးကာ မသီရိချိုဇင် Grade-10 က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မပိုးအိလင်း Grade–9 ကလူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဉာဏ်ဘုန်းပြည့် Grade-6 က လူငယ်နှင့်ပြင်ပစာပေခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း