ပြင်ဦးလွင်မြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၂၀

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ  အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်သူဇာ၀င်းကကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူငါးဦးမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက မေးမြန်းချက်များအား ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်ပြီး စိတ်ပါ၀င်စားစွာမေးမြန်းခဲ့သော  ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်ဦးစီးမှူးက တိုင်းရင်း‌‌ဆေးဝါးများအား‌ ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ အား အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါ အသိပညာ‌ပေးဟောပြောပွဲသို့  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့သည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)