သာကေတမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

သာကေတ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ (၄) မြောက်ရပ်ကွက်၊ သဗ္ဗမင်္ဂလသာသနာ့ဗိမာန်၌ ကျင်းပသည်။

ဦးစွာ ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က အဖွင့်မှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားသို့ ရပ်ကွက်နေပြည်သူ ၉၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ရပ်ကွက်ဒေသအတွင်း လမ်းခင်းကျင်းမှု၊ မီးရရှိမှု၊ ရေရရှိမှုများနှင့် ပတ်သက်၍ သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများအပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)