ရန်ကုန် ဇူလိုင် ၁၈
ကျောက်တံတားခရိုင်၊ လသာမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးစံကိုက်စစ်ဆေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဦးဆောင်သော ပညာရေးဝန်ထမ်းများ၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဒုဦးစီး (ကျန်းမာပညာ) ဒေါ်သူဇာနွယ်နှင့် ဒေါ်နော်စုမြတ်စန္ဒာတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ထို့ပြင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှလည်း ပူးပေါင်းပါဝင်ကာ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအခြေအနေများကို စံကိုက်စစ်ဆေးခြင်း၊ ကိုယ်ရေးသန့်ရှင်းမှုနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါလုပ်ငန်းများသည် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျောင်းကျန်းမာရေးစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ မုန့်စျေးတန်းစစ်ဆေးခြင်းနှင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေလင်း