ဘားအံ ဇူလိုင် ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဌာနေကိုယ်စားလှယ် Mr. Barnaby Jones နှင့်အဖွဲ့အား ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပဋိ ပက္ခများအကြားရှိ နေရပ်စွန့်ခွာပြည်သူများ၊ သဘာဝဘေးသင့်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး၊ အမိုးအကာနှင့် အစားအစာမဟုတ်သော လူသုံးကုန်ပစ္စည်းများ အကူအညီပေးနိုင်ရေး၊ ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)