ကျိုင်း​တောင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ဝိန်းကောင်း)၌ အာဇာနည်နေ့ အကြိုဟောပြောပွဲဆောင်ရွက်

ကျိုင်းတောင်း   ဇူလိုင်လ   ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်မြို့ အမှတ်၇ရက်ကွက် ဝိန်းကောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းတောင်း အ.လ.က(ဝိန်းကောင်)၌ ယနေ့ နေ့လယ်(၁) နာရီတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

အဆိုပါဟောပြောပွဲတွင် ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှုး ဉီးစိုင်းသီဟထွန်းမှ ဝိန်း​​​ကောင်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား အာဇာနည်​​​၏အဓိပ္ပါယ်ကိုရှင်းလင်းပြောကြားပေးခဲ့ပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောပေးခဲ့ကြောင်းသိရပါသည်။ ထို့နောက် ကျိုင်းတောင်းမြို့ ပြည်သူ့စာကြည့်တိုက်မှ ယူဆောင်လာသော စာအုပ်များအား ကျောင်းသား၊ကျောင်းသူများသို့ ငှာရမ်းခြင်းဆောင်ရွက်ပေးခဲ့ပြီး အာဇာနည်နေ့ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကိုပြသပေးခဲ့၍ ကျောင်းသား၊ ကျောင်းသူများစိတ်ဝင်တစား ဖက်ရှုလေ့လာခဲ့ကြောင်းသိရပါသည်။

ကိုကို/ပြန်ဆက်