နောင်ချို ဇူလိုင် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ညဒေါ်သန်းသန်းထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံတို့ကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုမှတ်သားလေ့လာခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အလားတူ မွန်းလွဲ ၁နာရီအချိန်တွင်လည်း အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
နောင်ချိုပြန်/ဆက်